အောင်မြင်ခြင်းတွေ ငါ့အပါးမှ တဖြည်းဖြည်းခွဲခွာသွားကြပြီ
ငါဘယ်လိုမှ တောင်းပန်တားဆီးလို့မရ
အောင်မြင်ခြင်းဆိုတဲ့အရာတွေက နှစ်လိုဖွယ်အပြုံးလေးနဲ့ ငါ့ကိုပြောတယ်
သိပ်ဝမ်းနည်းနေသလား ရူးလည်းမသွားနဲ့ဦး
ဒါသဘာဝပါကွာ
ငါတို့ကို လိုချင်တဲ့သူတွေက အရမ်းများတယ်လေ
ငါတို့ဟာ အချိန်တန်ရင် အိမ်ပြန်ရတယ်ဆိုသလိုဘဲ ဘယ်သူ့ဆီမှ ကြာကြာမနေနိုင်ဘူး
မင်းဆီမှာလည်း သည်လိုဘဲလေ
မင်းအပါးမှာ မင်းမမြင်နိုင်တဲ့ မိတ်ဆွေကောင်းတွေရှိပါတယ်
သနားကြင်နာမှု ချစ်ခြင်းတရား မေတ္တာ
သူတို့တွေက ငါ့လို မင်းကို မပူလောင်စေဘူး
စိတ်ကိုအေးအေးထားပါ
ဘယ်အရာမှ မမြဲပါဘူး
Tuesday, 8 July 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment